
April ရေ...........
ပိတောက်တွေနဲ့ မင်းအထီးကျန်နေလား
ငါကတော့
အလွမ်းသမားလေးမို့ ဥသြတွေကတောင်
လှောင်ရယ်နေလေရဲ့ တွေ့ဆုံကြုံကွဲ
သဘာဝစက်ဝန်းကြီးကလည်း
ငါ့အတွက်ခါးသီးလွန်းတယ်
ပိတောက်တွေရှိနေတာတောင်
လွမ်းနေတုန်းပဲ
April ရေ.............
အလွမ်းပျောက်ဆေးရှိရင်ပေးပါ
အထီးကျန်ညတွေမှာ
ခုနှစ်စဉ်ကြယ်တွေငေးကြည့်ရင်း
အိမ်လွမ်းနေတဲ့ လမင်းကြီးတောင်
ငါမြင်ခဲ့သေးတယ်။
နှင်းမိုးချယ်ရီ
Posted by
နှင်းမိုးချယ်ရီ
.jpg)




0 ရေးခဲ့တယ်။:
Post a Comment