Friday, September 19, 2008
at
5:24 AM
|
Tha nge chin myar swar - Sai Sai Khann Hlaing
ငါတို့ ညစဉ်ညတိုင်းတွေးကြတဲ့အတွေးများ ကျန်ရှိနေသေးတဲ့ ဘ၀ရဲ့အပိုင်းအစ တစ်ချိန်မှာ ငါ့ရဲ့အသက်ဟာ၃၅ နောက်၄၅ နောက်၄၅ နေ့နဲ့ညနဲ့အကြောင်းများ ငါထိုင်စဉ်းစား လမ်းမီးများရဲ့အောက်မှာ ငါတို့စတွေ့ကြတဲ့မနက်တွေ ခွဲရစ်ခဲ့ညနေ အဖြစ်နဲ့အပျက်တွေ မတူညီပေမယ့် သိပ်ချစ်ခဲ့ခြင်းတွေ ငါတခြားမှာသုံးတဲ့မှန်ဥာဏ်တွေနဲ့ တခြားမှာရှိတဲ့အကြောင်းအရာတွေ တခြားမှာဖြစ်တဲ့ပြဿနာတွေ ခေါင်းထဲမှာပြည့်နှက်နေလည်း ဘယ်တော့မှမမေ့တဲ့စိတ်မှာ မင်းတို့ရှိနေဆဲပါ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားမိတိုင်းမှာ ငါတို့ရန်ဖြစ်ခဲ့တာ ငါတို့ပြန်ချစ်ခဲ့တာ စိတ်လှုပ်ရှားခဲ့ဖူးတာတွေ အကုန်အိုမင်းသွားပြီလား မူလတန်း အလယ်တန်းနဲ့ အထက်တန်းဘ၀တွေ အခုချိန်မှာပြန်တွေးရင်း ရင်တွေခုန် ငါလွမ်းဆွတ်နေရင်း ထိုင်ကာရေးတဲ့သီချင်း ဘ၀ရထားသွားနေလည်း သူငယ်ချင်းတွေက အစဉ်အမြဲ
cho: (ဒီဘ၀တစ်ခုမှာ ဆုံတွေ့ခဲ့ရာ အစဉ်အမြဲတို့တတွေ အတူရှိခဲ့တာ နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွာ သူငယ်ချင်များစွာ ထာဝရဝေးကွာ)
တစ်ချိန်မှာ ငွေကြေးများနဲ့အလုပ်ကိုင်ရှိလာမယ် ဟိုစဉ်ကလေးဘ၀လောက် ပျော်စရာတွေလည်း မကောင်းတော့တာအမှန်ပဲ စက်ဘီးတွေစီးခဲ့ကြတယ် လမ်းတွေလျှောက်ခဲ့ကြတယ် စကြနောက်ကြစိတ်ဆိုးကြရင်း စာတွေကျက်ခဲ့ကြတယ် စိတ်ကောက်ကြတာရှိတယ် ပြန်ချော့ခဲ့ကြဖူးတယ် အိမ်မှာနေနေရင်းနဲ့ပဲ တယ်လီဖုန်းတွေပြောခဲ့ကြတယ် တစ်ခါတစ်လေမှာ အပေါင်းအသင်းနဲ့ ကဗျာစာအုပ်တွေလုပ်တယ် ရင်တွေဘာတွေမောရင်းနဲ့ ရည်းစားလေးတွေထားတယ် အဆောင်မှာမီးတွေထွန်းတဲ့အချိန် ဂစ်တာတီးခဲ့ကြတယ် တကိုယ်ရည်အသည်းကွဲတဲ့သီချင်းတွေ ဒီဇင်ဘာရဲ့နှင်းတွေ ပြန်မြင်ယောင်ရင်းနဲ့ အိပ်ယာထက်မှာလူးလိမ့်နေ ကောင်ကလေးနဲ့ကောင်မလေးကနေ အမျိုးသားနဲ့အမျိုးသမီး အဘိုးကြီးနဲ့အဘွားကြီး ဖြစ်တဲ့အချိန်တွေအထိ ဘ၀ဆိုတဲ့ဖိနပ်ကြီးကို ငါတို့တွေစီးသွားရမှာပါပဲ ကဲထားလိုက်ပါတော့ တစ်နေ့နေ့မှာတော့ကွာ ပြန်ဆုံမှာပေါ့ ချစ် တဲ့သူငယ်ချင်းများ
cho: (ဒီဘ၀တစ်ခုမှာ ဆုံတွေ့ခဲ့ရာ အစဉ်အမြဲတို့တတွေ အတူရှိခဲ့တာ နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွာ သူငယ်ချင်များစွာ ထာဝရဝေးကွာ)လားလားလားလာ လားလားလား လားလာလာလာ လားလားလာ သူငယ်ချင်းများစွာ ထာဝရဝေးကွာ
လူသားတွေတစ်ယောက်စီတိုင်း စီတိုင်းဆုံတွေ့နေရ နောက်ပြီးရင်ခွဲခွာသွား ဒါလူ့ဘ၀ဆိုတာတွေ ငါ့အတွက်သင်ခန်းစာ ကမ္ဘာဟာနေမင်းကြီးကို တစ်ပတ်ပြီးတစ်ပတ်လည်ပတ်နေရ အမှတ်တရရှိခဲ့ရ နေ့ရက်များ အပြန်အလှန်နားလည်မှုနဲ့ရင်မှာ အပြာရောင်လေးတွေခံစား မနက်ဖြန်အကြောင်းစဉ်းစားရင် မနေ့ကဆိုတာကိုတမ်းတ ငါတို့တွေတစ်ယောက်ကိုလေ တစ်နေရာစီဝေးကွာသွား တချို့တွေကပူပြင်းပြီး တချို့တွေက အေးမြတဲ့ဒေသ ငါကလည်းနေရာသစ်မှာစနစ်တကျ နောက်ဆုံးနှုတ်ဆက်ကြတဲ့အခါ ဆရာတွေကိုကန်တော့ကြတယ် အချင်းချင်းပွေ့ဖက်ကြတယ် တချို့တချို့တွေက ဟေ့ကောင် မင်းကငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ မျက်ရည်တွေဘာတွေဝဲလို့ ဆို့နင့်နေကြ ဆို့နင့်နေရ ကဲဒါတွေထားပါကွာ ငါတို့ဘ၀တွေမှာ တကယ်ရှိခဲ့သော အချစ်ဆုံးသူငယ်ချင်းများ

(သူငယ်ချင်းများကို သတိရစွာဖြင့်)

Posted by
နှင်းမိုးချယ်ရီ
.jpg)

0 ရေးခဲ့တယ်။:
Post a Comment