Friday, September 19, 2008
at
5:24 AM
|

ငါဟာ မင်းရင်ထဲက အလင်းဆုံးလမင်းတစ်စင်း
မဖြစ်ခဲ့ရင်တောင်
အလင်းရောင် နည်းနည်းလေးပဲပေးနိုင်တဲ့
ကြယ်လေးတစ်ပွင့် ဖြစ်နေပါရစေ။
မင်းရှေ့ကိုရောက်ရင် ငါ့ရဲ့တိတ်တခိုးတွေကို
ဖွင့်ဟဖို့ ဆွံ့အနေလေရဲ့
ပြောထွက်ဖို့လည်း မရဲခဲ့ပါဘူး
မင်းနဲ့တွေ့ရတဲ့ စနေနေ့ဆိုတဲ့နေ့ရက်တွေကို
တစ်စက္ကန့်မှ မေ့မရခဲ့ဘူး
မင်းကတော့ သိနိုင်မှာမဟုတ်ပါဘူးလေ
ငါဟာမင်းအတွက်
ဘာမှလည်းမဟုတ်ခဲ့ပါဘူး
မင်းမှာလည်း ရည်းစားရှိတယ်ဆိုတာ သိလျက်နဲ့
ငါဟာနောက်ဆုံးတော့ မင်းနဲ့chattingတက်ခဲ့တဲ့
old messagesလေးတွေကိုပဲ
ဖတ်ပြီးတော့ ရူးနေရတာပါ။
ငါဟာ အရာရာတိုင်းမှာ
မင်းနဲ့တိုက်ဆိုင်နေတယ်လို့ ခံစားနေရတယ်။
မနှစ်က မင်းနဲ့စတွေ့တဲ့အချိန်တွေကို
အခုထိ အမှတ်ရနေဆဲပါ
မင်းမသိလို့နော် မင်းရဲ့ဓာတ်ပုံတွေကို
ခိုးခိုးကြည့်ပြီးတော့ပဲ ငါရူးနေရတယ်
ငါ့ရဲ့ Inboxထဲမှာဆိုရင်
မင်းပေးတဲ့ အမှတ်တရတွေချည်းပဲ
င့ါကိုဘယ်လိုပဲ ရူးတယ်ပြောပါစေ
တိတ်တိတ်လေးပဲ ချစ်နေမှာပါပဲ။
မင်းရဲ့တင်ထားတဲ့ status message တွေကိုလည်း
ငါ့မှာဖတ်ရင်းနဲ့ ရူးလိုက်ရတာအမော...........
မင်းကိုလွမ်းတဲ့အချိန်မှာဆိုရင်
မင်းကြိုက်တဲ့ (ခရီးများဆုံးထိလျှောက်)သီချင်းဟာ
ငါ့ရဲ့ အားဆေးလေးတစ်ခွက်ပါပဲ။
ချစ်ရတဲ့သူရေ..................
မင်းရဲ့ရင်ခွင်ကို လရောင်တွေ
ပေးစွမ်းခွင့်မရခဲ့ရင်တောင်
မှေးမှိန်သေးငယ်တဲ့ ကြယ်ရောင်လေးတွေနဲ့
အလင်းရောင်ပေးစွမ်းခွင့်ပြုပါ။
(တစ်ယောက်သောသူ)
Posted by
နှင်းမိုးချယ်ရီ
.jpg)




0 ရေးခဲ့တယ်။:
Post a Comment