Sunday, September 14, 2008 at 4:39 AM |

အမြဲတမ်းအမှတ်ရနေရပါတယ်
ငါတို့ရဲ့ခွဲခွာခြင်းတွေကို
ဘယ်တော့များမှ ပြန်လည်ဆုံးစည်းနိုင်မှာလဲ
အချစ်ဦးရယ်
ပေးခဲ့တဲ့ဘောပင်လေးကိုလည်း
ထာဝရသိမ်းထားဆဲပါ
ခွဲခွာပြီးတဲ့နောက်ပိုင်း
နှလုံးသားတံခါးလည်း သော့ခတ်ထားပါတယ်။
မင်းကို မိနစ်စက္ကန့်တိုင်း သတိရနေတယ်ဆိုတာကိုယုံ
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ချစ်သူရယ်
မင်းကိုငါ့ရဲ့ နှလုံးသားနံရံမှာ
နံပါတ် (၁)ဆေးရောင်စုံပန်းချီကားလေးအဖြစ်
အမြဲတမ်းချိတ်ဆွဲထားမှာပါ။
ပန်းနုရောင်
Posted by နှင်းမိုးချယ်ရီ

0 ရေးခဲ့တယ်။:

Visit the Site
MARVEL and SPIDER-MAN: TM & 2007 Marvel Characters, Inc. Motion Picture © 2007 Columbia Pictures Industries, Inc. All Rights Reserved. 2007 Sony Pictures Digital Inc. All rights reserved. blogger template by blog forum