A Yae Htote - J-me & Ye Lay & Kyat Pha

ရဲလေး.. J-me... ကြက်ဖ... Here we go..

ကောင်းတာတွေစား ကောင်းတာတွေဝတ် အကောင်းစားတွေပြော သတိထား မင်း လူပေါင်းမှားနေတော့ ငါတို့ကပြင်ပေးလို့မရ မင်းအကျင့်ကို လူတွေအထင်သေး နေထိုင်ပုံယဉ်ကျေးဖို့က ဆိုးပြီးရင်း ဆိုးဖို့မြင်နေ.. La Bitch..

မင်းတစ်ယောက်ပဲ အလွဲတွေကိုပြော မင်းတစ်ယောက်ထဲလွဲ မင်းတစ်ယောက်တည်းပဲ အမြဲ လူတွေဝိုင်းဆွဲ လမ်းမှားနေခဲ့.. ကဲကဲကဲ ကဲဘယ်လိုလုပ်မလည်း ရင်ဘတ်တွေကသပ်နေကြဆဲ နောက်ဆုံးတော့ အရှက်တွေသာကွဲ

ဖြစ်ပျက်တာတွေများနေချင် စကားတွေမရှင်း မင်းတကယ်ကို အလုပ်မရှိလို့အားနေရင် အိမ်ကိုလာ ဘုရားရှေ့မှာ ဒူးထောက်လို့ ကျိန်ဆိုပါ ဘယ်တော့မှ


မရှုပ်တော့မယ့်အကြောင်း အရင်လို Groupie ကြီးမဟုတ်တော့တဲ့အကြောင်း

ငါပြောစရာမရှိ ငါပြောရခက် ငါချော့မှသိတော့ မင်း ဇောတကတက် နောက်တစ်ခါဆိုသေပြီသာမှတ် ကြက်ဖလို ၀မ်းနည်းပါတယ် မင်းဘာမှ လာမရှင်းနဲ့တော့ ကျန်တာအားလုံး ကဲ ရဲလေး မင်းပဲပြော

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ
ငါတို့ အမြဲတမ်းမဆုံနိုင်တော့ပါ ကိုယ့်လမ်းကြောင့် နင်အမြင်လွဲကာ ဆိုး.... ဒီမှာလေ မင်းဦးဏှောက်ကို ဆေးကြောသင့်ပြီ တိုးတိုးလေးနဲ့ပဲ အမျိုးမျိုးပေးခဲ့တယ် နာကျင်ဒါဏ်ရာတွေလည်း ပြန်မလာပါစေနဲ့ ဒီလိုဝေးကွာ -- Lady မင်းဘာပြောမလဲ
Woo.. Let me go ချစ်သူ မုန်းရက်ပြီမို့ ငါအပြစ်မယူ အပြစ်မယူ အပြစ်မယူ
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

ကဲကိုကဲ သည်းကိုသည်းတယ် အမြဲလိုလည်း ရေမကူးတတ်တဲ့ ဘဲလိုပဲ ရုတ်တရက်ဆို ကျွတ်ကျဲသလိုနဲ့ ဟန်ဆောင်ပြီး အပြုတ်လိုတဲ့ပဲလိုပဲ ကတ်စီး ထမင်းနဲလိုချွဲ ငါးပိရည်ကို ရွက်ယိုရွက်နဲ့ တို့ပြီးဆွဲဆိုဆွဲမယ်

မင်းကိုတော့ မရဲသလိုပဲ တော်ပြီ ဆားနဲ့ပဲ စားမယ်ဆိုတဲ့အဆွဲကိုလည်း ချွတ်လို့မရ ဇွဲပိုနေတယ် မထင်နဲ့ အချစ်က ကုတ်လေယားတဲ့ဝဲလိုပဲ မင်းကြောင့် တချို့ကြ အတိတ်တွင်ဒုတ်တွေဓါးတွေဆွဲလိုဆွဲ တချို့က ကွဲလိုကွဲ ပြဲလိုပြဲ တချို့များ အချစ်ဟာ ခါး ခါး ခါးနဲ့ အော်နေလိုက်ကြများကို အငဲလိုပဲ အဲ့လိုကဲ လှတပတ ကြွကြွရွရွ နေတယ်ဆိုမှ အသည်းပိုကွဲ အဲ့လိုအမြဲ ကြုံရင်ပေးတဲ့ ဆင်ခြေ ဘယ်သူကခွဲလို့လည်း

ခွဲမလိုနဲ့ တွဲမလိုနဲ့ ကြိုးရှည်ရှည်ကိုင်လှန်ထားတယ် စွတ်ဆွဲလိုဆွဲ တွေ့ခဲ့ရင်တော့ ဘယ်ကိုလည်း တွေ့ခါစမှာ အကဲပိုမြဲ တစ်နေ့တစ်ယောက် ထည်လဲလို့တွဲ ၀ဋ်ဆိုတာလည်တယ် မင်းဘ၀လဲ လဲပြိုမယ်

ဟော ပြောရင်း ဗိုက်ကလေးတောင်မှ ပိုဖောင်းခဲ့သလိုပဲ မျက်နှာပေါ်အနုအလှဆင် စိတ်ဓါတ်ကတော့ မဲညိုဆဲ အဆင့်အတန်းတွေခွဲလိုခွဲ ဆက်ဆံရေးတွေ ကျဲလိုကျဲ ပြီးမှ လက်သည်ရှာဖို့ ငါ့ကိုမေးတယ် ကဲဘယ်လိုလဲတဲ့ ဘယ်လိုမှ မလဲဘူး အဲ့လိုပဲ အဲ့လိုပဲ

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေး
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

Lady hey.. Lady ဘာရွေးမလဲ အခုထိဝေးဆဲ
Lady hey.. Lady ဘာလုပ်မလဲ အခုထိဝေးဆဲ
Posted by နှင်းမိုးချယ်ရီ

0 ရေးခဲ့တယ်။:

Visit the Site
MARVEL and SPIDER-MAN: TM & 2007 Marvel Characters, Inc. Motion Picture © 2007 Columbia Pictures Industries, Inc. All Rights Reserved. 2007 Sony Pictures Digital Inc. All rights reserved. blogger template by blog forum