တေးဆို - ရဲလေး၊ J-Me ကြက်ဖ
တေးရေး - ရဲလေး J-Me ကြက်ဖ
ကောင်းတာတွေစား ကောင်းတာတွေဝတ် အကောင်းစားတွေပြော သတိထား မင်း လူပေါင်းမှားနေတော့ ငါတို့က ပြင်ပေးလို့မရ မင်း အကျင့်ကို လူတွေ အထင်သေး နေထိုင် ပုံ ယဉ်ကျေးဖို့က ဆိုးပြီးရင်း ဆိုးဖို့မြင်နေ မင်း တစ်ယောက်တည်း တလွဲတွေကို ပြော မင်းတစ်ယောက်တည်း လွဲ မင်းတစ်ယောက်တည်းပဲ အမြဲ လူတွေဝိုင်းဆွဲ လမ်းမှားနေခဲ့ ကဲ ဘယ်လိုလုပ်မလဲ ရမ္မက်တွေက တက်နေကြဆဲ နောက်ဆုံးတော့ အရှက်သာကွဲ ဖြစ် ပျက်တာတွေ များနေခြင်း စကားတွေ မရှင်း မင်းတကယ်ကို အလုပ်မရှိလို့ အားနေရင် အိမ်ကိုလာ ဘုရားရှေ့မှာ ဒူးထောက် ကျိန်ဆိုပါ ဘယ်တော့မှ မရှုပ်တော့မယ် အကြောင်း အရင်လို GROUP ကြီး မဟုတ်တော့တဲ့ အကြောင်း ငါ ပြောစရာမရှိ ငါ ပြောရခက် ငါချော့ မှသိတော့ မင်းစောဒကတက် နောက်တစ်ခါဆို သေပြီသာမှတ် ၀မ်းနည်းပါတယ် မင်းဘာမှ လာမရှင်းနဲ့တော့ ကျန်တာတွေ အားလုံး ကဲ ရဲလေး မင်းပဲပြော
ဟေး….LADY….ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူး တို့ ဝေးနေ ဖေးမမယ့်လူ မရှိလို့ အခုထိ ဝေးနေဆဲ
ငါတို့ အမြဲတမ်း မဆုံနိုင်တော့ပါ GO လမ်းကြောင်းတွေ အမြင်လွဲကာ ဆိုး….ဒီမှာ LADY….မင်းဦးနှောက်ကို ဆေးကြောသင့်ပြီ တိုးတိုးလေးနဲ့ ရူး..အမျိုးမျိုးပေးခဲ့တဲ့ နာကျင် ဒဏ်ရာတွေလည်း ပြန် မလာပါစေနဲ့ ဒီလိုဝေး WHAT YOU SAY LADY မင်းဘာပြောမလဲ HO LET ME GO ချစ်သူ အမုန်းပျက်ပြီမို့ ငါအပြစ်မယူ အပြစ်မယူ အပြစ်မယူ ၀ိုး….
ကဲကိုကဲ သည်းကို သည်းတယ် အမြဲလိုပဲ ရေမကူးတတ်တဲ့ ဘဲလိုပဲ ရုတ်တရက်ဆို ကျွတ်ကြဲသလိုနဲ့ ဟန်ဆောင်ပြီး အပြုတ်လိုတဲ့ ပဲလိုပဲ ကပ်စီး ထမနဲလို ချွဲ ငါးပိရည်ကို ရဲယိုရွက်နဲ့ တို့ပြီး ဆွဲဆိုဆွဲမယ် မင်းကိုတော့ မရဲသလိုဘဲ တော်ပြီ ဆားနဲ့ပဲ စားမယ်ဆိုတဲ့ အစွဲကိုလည်း ချွတ်လို့ မရလို့ ဇွဲ ပိုနည်းတယ် မထင်နဲ့ အချစ်က ကုတ်လေ ယားလေ ၀ဲလိုပဲ မင်းကြောင့် တစ်ချို့ ချာတိတ်တွေ တုတ်တွေ ဓားတွေ ဆွဲလို့ဆွဲ တစ်ချို့က ကွဲလို့ကွဲ ပြဲလို့ပြဲ တစ်ချို့များ အချစ်က ခါးခါးခါးနဲ့ အော်နေလိုက်ကြတာများ ကိုအငဲ လိုပဲ အဲလို GIRL လှတပတ ကြွကြွရွရွလေးတွေ ဆိုမှ အသည်းပိုကွဲ အဲလိုအမြဲ ကြုံရင်ပေးတဲ့ ဆင်ခြေ ဘယ်သူက ခွဲလို့လဲ တွဲမလိုနဲ့ တွဲမလိုနဲ့ ကြိုးရှည်ရှည် ကိုင် လှန်းထားတယ်လို့ စွပ်စွဲလိုစွဲ တွေ့ကရာ အသည်းကိုလည်း တွဲကာစမှာ အကဲပိုမြဲ တစ်နေ့ တစ်ယောက် ထည်လဲလို့တွဲ ၀ဋ်ဆိုတာ လည်တယ် မင်း ဘ၀လည်း လဲပြိုမယ် ဟော ပြောရင်း ဗိုက်ကလေးတောင်မှ ပို ဖောင်းခဲ့သလိုပဲ မျက်နှာပေါ် အနုအလှဆင် စိတ်ဓာတ်ကတော့ မည်းညိုဆဲ အဆင့်အတန်းတွေ ခွဲလို့ခွဲ ဆက်ဆံရေးတွေ ကျဲလိုကျဲ ပြီးမှ လက်သည်ရှာဖို့ ငါ့ကို ပြောတယ် ကဲ ဘယ်လိုလဲတဲ့ ဘယ်လိုမှ မလဲဘူး အဲလိုပဲ
(အကြိုက်ဆုံးထဲက သီချင်းတစ်ပုဒ်)
.jpg)




0 ရေးခဲ့တယ်။:
Post a Comment