Saturday, August 30, 2008 at 5:31 AM |
ခံစားချက်တွေ ရင်နဲ့မကတော့ဘူး
မင်းကြောင့်ပေါ့
အခုတော့ငါအရင်ကလိုမဟုတ်တော့ပါဘူး
မင်းအတွက်နဲ့ခံစားနေရပြီလေ
ငါရဲ့ တိတ်တခိုးတွေကို ဘယ်သူသိနိုင်မှာလဲ
အခုတော့ ရှုံးနိမ့်ခဲ့ပြီ
အရင်ကနေရာလေးတွေလည်း
အရမ်းသတိရနေတယ်
နင်ကတော့ နောက်တစ်ယောက်နဲ့
ပျော်နေမှာပဲနော်
ငါနင့်ကိုမချစ်ဘူးလို့ လိမ်ခဲ့ပေမယ့်
ငါသိလိုက်ရပြီ
ငါ့နှလုံးသားက သတင်းပို့တယ်
ငါနင့်ကိုအရမ်းချစ်မိနေပြီတဲ့
ကောင်လေးရယ်
ငါ့ကို အရင်ကလို နှစ်သိမ့်စကားလေးတွေနဲ့
နှစ်သိမ့်ပေးလှည့်ပါဦး.........


ကောင်မလေး
Posted by နှင်းမိုးချယ်ရီ

1 ရေးခဲ့တယ်။:

စန္ဒီမိုးမြင့် said...

ကဗျာလေးကို ကြိုက်တယ်
ငါ့ကို အရင်လို နှစ်သိမ့်စကားလေးတွေနဲ့
နှစ်သိမ့်ပေးလှည့်ပါဦးဆိုတဲ့
စာသားလေးမှာ ခြောက်သွေ့ကွဲအက်နေတဲ့
မျက်ရည်တွေများပါနေသလားလို့
စန္ဒီမိုးမြင့်
မန္တလေး

September 2, 2008 at 2:30 PM  
Visit the Site
MARVEL and SPIDER-MAN: TM & 2007 Marvel Characters, Inc. Motion Picture © 2007 Columbia Pictures Industries, Inc. All Rights Reserved. 2007 Sony Pictures Digital Inc. All rights reserved. blogger template by blog forum