
ဘယ်နံရံမှာမှ
ချစ်သူလေးရဲ့ ရုပ်ပုံကားချပ်တွေ
ချိတ်မဆွဲထားပါဘူး.....................
နှလုံးသားရဲ့ နံရံမှာတော့
သတိရ တမ်းတမိတိုင်း
ချစ်သူလေးရဲ့ပုံရိပ်တွေ
ထင်ဟပ်လှုပ်ရှား
ရှင်သန်သွားလာနေဆဲပါ ချစ်သူ...........
လရောင်ဘယ်လောက် လင်းလင်း
ကြယ်ရောင်ဘယ်လောက် စုံစုံ
ယုံကြည်စရာ အနာဂတ်မှာ....
ခုံမင်တွယ်တာစရာ
ချစ်သူလေးမရှိတော့တာပဲ
မှောင်သွားပြီ
တောင်စွယ်မှာ နေကွယ်သွားကာမှ
နောက်တစ်နေ့ အာရုဏ်ဦးမှာ
ရောင်ခြည်ပျို နေရောင်သစ်ဆိုတာ
ရှိနေပါသေးတယ်၊
ကြယ်စင်
Posted by
နှင်းမိုးချယ်ရီ
.jpg)




0 ရေးခဲ့တယ်။:
Post a Comment