Monday, August 11, 2008
at
10:28 PM
|

မေမေ
ဘယ်နေရာကိုရောက်နေလဲ
နီတျာ့ကို သိခွင့်ပေးပါ
မေမေမြင်ခဲ့မှာပေါ့
မေမေ့ရဲ့ နောက်ဆုံးနေ့လေးနဲ့အတူ
နီတျာ့ရဲ့ငိုကြွေးမှုတွေကိုလေ
ဘယ်တော့မှ ဘယ်တော့မှ
ဆုံစည်းခွင့်မရနိုင်တော့ပေမယ့်
မေမေလိုချင်တဲ့ အိပ်မက်တွေရဖို့
နီတျာ အသက်ရှင်နေတုန်းပဲ
ကတိပေးပါတယ်
မေ့မေ့ဆန္ဒတွေအတိုင်းပေါ့
သမီးလေးလို့ခေါ်ခဲ့တဲ့
မေ့မေ့ရဲ့အသံလေးက
၉.၇.၀၆ ည(၂)ထဲက ပြတ်တောက်ခဲ့တယ်
တောင်းပန်လို့မရတဲ့
ကံဆိုးမှုတွေကြားမှာ
အခုချိန် နီတျာတစ်ယောက်တည်းပေါ့
ပျော်ရွှင်မှုတွေနဲ့ ဝေးကွာခဲ့ရတာ
နေ့တွေညတွေလည်း
မနည်းတော့ဘူး
လောကကြီးကို
positive site ကကြည့်နေယုံကလွဲလို့
မေမေ့လိုချစ်မဲ့သူ
နီတျာ့နားမှာ ဘယ်သူမှမရှိပါဘူး
မေ့မေ့လိပ်ပြာလေးကို
ကံကောင်းဖို့ဆုတောင်းရင်း
မေမေ့အရိပ်တွေက နီတျာ့မျက်လုံးထဲမှာ
နားခိုနေပါတယ်
နီတျာ့အချစ်တွေနဲ့
အတူပေါ့မေမေ
၂နှစ်ကျော်ကျော် ဝေးကွာသွားတဲ့
အရိပ်တစ်ခုအတွက်
နောင်တတွေရှိတယ်
နာကျင်မှုတွေ
အလွမ်းနဲ့ ငိုကြွေးမှုတွေကတော့
ဘယ်တော့မှကုန်ဆုံးမှာမဟုတ်ဘူး
ဘာမှပေးဆပ်ဖို့မလိုအပ်တဲ့
ပြည့်ဝမှုတွေကို
မေမေပေးခဲ့ပေမယ့်
နေ့များစွာထဲမှာတော့
နီတျာ
starry-24
starry-24
Posted by
နှင်းမိုးချယ်ရီ
.jpg)




0 ရေးခဲ့တယ်။:
Post a Comment