Tuesday, August 12, 2008
at
5:34 PM
|

နင်အဲဒီလောက် ကြေငြာစရာမလိုပါဘူး
နင့်ရဲ့ အမုန်းကြော်ငြာစာတမ်းတွေကို
နင်ငါ့ကိုမုန်းတယ်ဆိုတာငါသိပါတယ်
ဘယ်လောက်လဲဆိုတာ
နင့်ရဲ့စကားလုံးတွေ
ဂုဏ်သိက္ခာကို ထိပါလာတဲ့စကားလုံးတွေကို
ရပ်တန်းကရပ်လိုက်ပါတော့
နင်ငါ့အတွက် နည်းနည်းလေးတောင်
ထည့်မစဉ်းစားမိဘူးလားဟင်
ငါဘယ်လောက်ထိခံစားနေရလဲဆိုတာ
ငါဘာဖြစ်လို့ ဒီသံယောဇဉ်ကြိုးကို မဖြတ်နိုင်ရတာလဲ
ငါဖြတ်လည်းမဖြတ်ချင်ပါဘူး
ဒါပေမယ့်လည်းလေ
အကြောင်းကြောင်းသောအခြေအနေတွေကြောင့်
မျက်ရည်တွေနဲ့အတူ
နှုတ်ဆက်လမ်းခွဲခဲ့ပါတယ်
သူငယ်ချင်းရေ....။
သူငယ်ချင်းတစ်ယောက်သို့ရည်ရွယ်၍ ၁၂.၈.၀၈
Kitty Lay
Kitty Lay
Posted by
နှင်းမိုးချယ်ရီ
.jpg)




2 ရေးခဲ့တယ်။:
ဒီလိုပါပဲ ညီမလေးရယ်..
သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးကြီးပေမဲ့..
မရှိမဖြစ်ထဲမှာ မပါဘူးလေ..
အဆင်ပြေပါစေနော်..
Post a Comment